My services1

အကြိမ် ၅၀ မြောက် Women to Women ပြိုင်ပွဲ

Year: 2026

Starts: September 1, 2026

Ends: September 30, 2026

Status: Upcoming

၂၀၂၆ ခုနှစ် ဩဂုတ်လ အကြိမ် ၅၀ မြောက် women to women ပြိုင်ပွဲကို ပုံစံတမျိုးနဲ့ ပြိုင်ပါ့မယ်ရှင်။

WINNER ရထားပြီးတဲ့ သူတစ်ယောက်က အကြိမ် ၅၀ ပြိုင်ပွဲဝင်တစ်ယောက်ကို guide လုပ်ပေးပြီးပြိုင်ရပါမယ်။

🏆နမူနာ- 🏆 winner အမှတ်စဉ် -၁ က guide လုပ်ထားတဲ့ ပြိုင်ပွဲဝင် မ xxxx ဖြစ်ပါတယ်။

အခုလ ပြိုင်ပွဲမှာ ဆုရရှိသူကို ဆုကြေး -၁၀ သိန်းနှင့် ဆုတံဆိပ်

Guide လုပ်ပေးတဲ့ winner ရပြီးသားသူကို ဆုကြေး-၅ သိန်း ပေးမှာ ဖြစ်ပါတယ်

၂၀၂၆ ခုနှစ် ဩဂုတ်လ ၅၀ ကြိမ်မြောက် women to women ပြိုင်ပွဲ

မြန်မာနိုင်ငံမှာ တခုတည်းရှိတဲ့ လစဉ်ပြုလုပ်နေသောအမျိုးသမီး အလုပ်လုပ်နေသူများအတွက် Online ပြိုင်ပွဲ

👍 လုပ်ငန်းလုပ်ရင်း လုပ်ငန်းအတွေ့အကြုံများကို ဝေငှပေးချင်စိတ်ရှိသော အမျိုးသမီး လုပ်ငန်းရှင်များ ပါဝင်ရန်ဖိတ်ခေါ်ပါတယ်။ 👍

ပြိုင်ပွဲဝင်ပိုစ်တင်ရန် ဂရု – ကြည်ကြည်နှင့် ဘဝကို အလုပ်ဖြင့်ရပ်တည်သော အမျိုးသမီးများဂရု

link ကို comment မှာ ကြည့်နိုင်ပါတယ်။

ပြိုင်ပွဲဝင် ပိုစ်တွင် ပါဝင်ရမည့် စည်းကမ်းချက် ( ၇ ) ချက်

၁။ အမည်ရင်း၊ အသက်၊ လုပ်ငန်းအမည်၊ စတင်ခဲ့သည့်ခုနှစ်၊ လုပ်ငန်း လိပ်စာ၊ Facebook link, ဖုန်းနံပါတ်/ လုပ်ငန်း visiting card ၊ လုပ်ငန်းဆိုင်ရာဓာတ်ပုံ ( ၇) ပုံ

၂။ လုပ်ငန်း အမျိုးအစားအသေးစိပ်၊ တလ ပျမ်းမျှရောင်းအား။

၃။ တွေ့ကြုံရသည့် အခက်အခဲ။

၄။ မိသားစု နောက်ခံ။ အတူနေမိသားစု ၏ မိမိအလုပ်တွင်ပါဝင်ကူညီပေးမှု။

၅။ ဆုကြေးကို လုပ်ငန်း၏ မည်သည့်နေရာ တွင် အသုံးပြုမည့် plan ။

🏆 ဆုရခဲ့လျှင် plan အတိုင်းအသုံးပြုထား​ကြောင်း တင်ပြနိုင်ရပါမည်။

၆။ ပြိုင်ပွဲ ဝင်သူ၏ ဓာတ်ပုံ အမှန်

၇။ #womentowomen50

ပြိုင်ပွဲဝင်ရန် နောက်ဆုံးနေ့က ၂၀၊ ၈၊၂၆

ဆုကြေငြာမှာက ၂၅၊၈၊၂၆

🏆 အမျိုးသမီးလုပ်ငန်းရှင်များကို ပံ့ပိုးပေးမည့် Sponsor များက

k pay / Wave Pay – 09798181186 – Moe Pwint Phyu ကို

ပါဝင်ကူညီပေးနိုင်ကြပါတယ်ရှင်။ 🏆

❌ SS များ comment ကမပေးပဲ Cb ကသာပို့ပေးကြပါရှင်။❌

#KYIKYI

#entrepreneur

#womentowomen